Customer Reviews

Myo EiEi Win

Review တစ်ခါမှတော့ မရေးဖူးဘူး…ခုက ကိုယ်လည်း သုံးရတာအရမ်းအဆင်ပြေပြီး စိတ်လည်းအရမ်းချမ်းသာလို့ contact lens လေးအကြောင်း review ရေးကြည့်ချင်ပါတယ်…..
ပထမတော့ acc ထဲက ညီမလေး review ရေးထားတာတွေ့ပြီး စိတ်ဝင်စားလို့ မှာကြည့်လိုက်တာပါ။ ဒါပေမယ့် လက်ထဲပစ္စည်းမရောက်ခင်အထိ ကိုယ်မသုံးရသေးတော့ စိတ်မချဘူး။ Online က မှာရတာဆိုတော့ အဆင်မှ ပြေပါ့မလား…တကယ်ရော quality ကောင်းပါ့မလားဆိုပြီး စိတ်ပူခဲ့တယ်။မျက်ကပ်မှန်မှာပြီး ၃ရက်ပဲ ကြာတယ်…လာပို့ပေးတယ်။ ဒါတောင် ကိုယ်က စနေ၊တနင်္ဂနွေမပို့ခိုင်းဘူး။ messages ပို့ရင်လည်း ချက်ချင်း reply ပြန်လုပ်ပေးတယ်။ကိုယ်အကြိုက်ဆုံးကတော့ Delivery ခ မပေးရတာကိုပါ။ Online ကနေ ပစ္စည်းမှာပေမယ့် တော်ရုံဆို Delivery ခ မပေးချင်လို့ မမှာဖြစ်တာ များတယ်။ပြီးတော့ မျက်ကပ်မှန်ဘူးလေးလဲ လက်ဆောင်ပေးသေးတယ်။ပြီးတော့ မျက်ကပ်မှန် quality ပါ။ မျိုးအိ အခုတပ်နေတဲ့ မျက်ကပ်မှန်က အဆင်တော့ပြေပေမယ့် မျက်လုံးနည်းနည်းအောင့်ချင်တယ်။ ခုဆိုင်က မျက်ကပ်မှန်ကို တပ်ကြည့်တော့ မျက်လုံးထဲမှာ ပါမှန်းတောင် မေ့နေတယ်။ မျိုးအိဆို မျက်ကပ်မှန်များ ကျွတ်ကျသွားတာလား စိတ်ပူပြီး မှန်ခဏခဏကြည့်ရတယ်။ကိုယ်မျက်မှန်တပ်ထါးရတယ်ဆိုတါကိုတေါင် မေ့နေတယ်။တကယ်ပြောတာပါ တော်တော်လေးကို အဆင်ပြေတယ်။ ဒီဆိုင်က မျက်ကပ်မှန်တပ်ပြီး တော်တော်လေးကို စိတ်ချမ်းသာတာ။မနက်၇နာရီကနေ ည ၈ခွဲလောက်ထိ တပ်ဖြစ်တယ်။မျိုးအိက မနက်၉နာရီ ရုံးရောက်တာနဲ့ ကွန်ပျူတာသုံးရတာကို မျက်ကပ်မှန်က အောင့်လည်း မအောင့်ဘူး။မျက်လုံးလည်း မစပ်ဘူး။ခုလု ခုလုလည်း ဖြစ်မနေဘူး။တော်တော်လေးကို သုံးရအဆင်ပြေလို့ အရမ်းသဘောကျတယ်….
ဆိုင်နာမည်လေးကတော့ “Yupa Vision ” ပါရှင် ???

 

Facebook Account – Myo EiEi Win

Product – CM-904