Eye Care

မျက်ကပ်မှန် သက်တောင့်သက်သာရှိအောင် ဘယ်လိုတပ်မလဲ?

“မျက်ကပ်မှန်တပ်ရတာ ခုလုခုလုဖြစ်နေတယ်။ ဘာလို့လဲ?”

ဒီတစ်ပတ် Article ထဲမှာ ဒီမေးခွန်းအတွက် မျက်ကပ်မှန်တပ်ရတာ သက်တောင့်သက်သာမဖြစ်စေတဲ့ အကြောင်းအရင်းလေးတွေ ရှင်းပြပေးသွားပါမယ်။ ?
ဒီအချက်ကလေးတွေ ဖတ်ပြီး ရေးပေးထားတဲ့ solution တွေကို လိုက်နာရင် မျက်ကပ်မှန်တပ်ရတာ ပိုပြီးအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ?

1⃣ မျက်ကပ်မှန်မှာ defect ဖြစ်နေတာ ?

အရင်ဆုံး အခြေခံအနေနဲ့ မျက်ကပ်မှန်ကို မတပ်ခင်မှာ ပျက်စီးမှုရှိမရှိ အရင်စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ စက်ရုံရဲ့ချို့ယွင်းမှုကြောင့်သော်လည်းကောင်း ကိုယ့် မတော်တဆ လက်သည်းနဲ့ ခြစ်မိမှုကြောင့်သော်လည်းကောင်း မျက်ကပ်မှန်ပဲ့သွားတာ ရံဖန်ရံခါဖြစ်တတ်ပါတယ်။ ဒီလို မျက်ကပ်မှန်က ပျက်စီးသွားရင် တပ်ရတဲ့အခါမှာ သက်တောင့်သက်သာမရှိတာ ဖြစ်တတ်ပါတယ်။ ?

Factory Defect ဆိုရင်တော့ ကိုယ်ဝယ်လာတဲ့ ဆိုင်ကို ပြန်ပြီး ဆက်သွယ်ကြည့်ပြီး လဲပေးနိုင်မလား မေးကြည့်ပါ။ တော်တော်များများမှာတော့ လဲပေးတဲ့ service ရှိနိုင်ပါတယ်။ ?

2⃣ မျက်ကပ်မှန်ကို သေချာမဆေးမိတာ ?

မျက်ကပ်မှန်ကို တပ်ပြီးတိုင်း ဆေးရည်နဲ့ သေချာ အသာလေးပွတ်ဆေးသင့်ပါတယ်။ အခုမှ စစဖောက်တဲ့မျက်ကပ်မှန်ဆိုရင် ဖြစ်နိုင်ရင် ဆေးရည်အသစ်နဲ့သေချာဆေးပြီး မတပ်မီ မျက်ကပ်မှန်ဆေးရည်အသစ်နဲ့ တစ်ညလောက်စိမ်ထားနိုင်ရင် ပိုကောင်းပါတယ်။

3⃣ မျက်ကပ်မှန် ပြောင်းပြန်တပ်မိတာ ?

ဒါကတော့ လူတော်တော်များများသတ်လက်လွတ် ဖြစ်တတ်တဲ့အချက်ဖြစ်ပါတယ်။ မျက်ကပ်မှန်ကို အတည့်တပ်မှသာ သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ အတည့်ပြောင်းပြန် ခွဲနည်းကတော့ …

? 1. Side Test ( အပေါ်ပုံ)
မျက်ကပ်မှန်ကို လက်ညှိုးပေါ်တင်လိုက်ရင် “ပစောက်” ပုံ အနေအထားက အတည့်ဖြစ်ပြီး “V” ပုံ အနေအထားဆိုရင်တော့ပြောင်းပြန်ဖြစ်ပါတယ်။
? 2. Taco Test (အောက်ပုံ)
မျက်ကပ်မှန်ကို လက်ညှိုးနဲ့ လက်မကြားမှာထားပြီး ကွေးကြည့်ပါ။ ဘေးအနားကလေးတွေက အထဲဘက်ကို ကွေးနေတယ်ဆိုရင် အတည့်ဖြစ်ပြီး အပြင်ဘက်ကို ကားနေရင်တော့ ပြောင်းပြန်ဖြစ်ပါတယ်။

4⃣ မျက်စိခြောက်တာ?

တစ်ချို့လူတွေက မျက်စိအရမ်းခြောက်တတ်ပါတယ်။ မျက်စိအရမ်းခြောက်တဲ့အခါမှာ မျက်ကြည်လွှာနဲ့ မျက်ကပ်မှန်ပွတ်တိုက်မှုဖြစ်ရင် နေရအရမ်းခက်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်ရင် မျက်ကပ်မှန်အတွက်ထုတ်ထားတဲ့ မျက်စဉ်း/ မျက်ရည်တုကို ခပ်ပေးရပါတယ်။ ??

5⃣ မျက်ကပ်မှန်ထိန်းသိမ်းနည်း မှားတာ ??‍⚕️??‍⚕️

✔ မျက်ကပ်မှန်ကို ချွတ်ထားရင် သာမန်အခန်းအပူချိန်ထဲမှာ မျက်ကပ်မှန်ဆေးရည်နဲ့ စိမ်ထားရပါမယ်။
❄ ရေခဲသေတ္တာထဲထည့်စရာ လုံးဝမလိုပါဘူး။ ❌
? နေပူထဲမှာ မျက်ကပ်မှန်ကို ဆေးရည်စိမ်ပြီး အချိန်ကြာကြာထားမိရင် မျက်ကပ်မှန်ပျက်စီးသွားတာမို့ နေပူထဲမှာ အချိန်အကြာကြီး မထားခဲ့ဖို့တော့လိုပါတယ်။ ❌

6⃣ မျက်ကပ်မှန် သက်တမ်းကုန်သွားတာ ?

မျက်ကပ်မှန်တိုင်းမှာ သက်တမ်းရှိပါတယ်။ သူ့ Brand အလိုက် Series အလိုက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ သက်တမ်းတွေက မတူကြပါဘူး။
တစ်ချို့ တံဆိပ်တွေက (၁)လ ပဲခံတဲ့ မျက်ကပ်မှန်တွေရှိသလို အခု Yupar Vision ကရောင်းတဲ့ GEO Medical ရဲ့ Magic Color Lens တွေကတော့ ၃-၆လ အထိ သက်တမ်းရှိပါတယ်။ ☺
ပျမ်းမျှနေ့စဉ် တစ်နေ့ (၈) နာရီ တပ်မယ်ဆိုရင် မျက်ကပ်မှန်တစ်စုံရဲ့ သက်တမ်းက (၃) လထက် ပိုမတပ်သင့်ပါဘူး။ အကြောင်းအရင်းကတော့ မျက်စိထဲက ပရိုတင်းတွေ မျက်ကပ်မှန်မှာ residue တင်တာများတဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ မျက်ကပ်မှန်ရဲ့ Quality ကို ကျဆင်းလာစေပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တစ်စုံကို နေ့စဉ်တပ်မယ်ဆိုရင် (၃)လ တစ်ခါ၊ ဒါမှမဟုတ် ရက်ခြားတပ်မယ်ဆိုရင် (၆)လ တစ်ခါ လဲပေးသင့်ပါတယ်။ ?

7⃣ မျက်ကပ်မှန် Quality မကောင်းတာ??‍♂️??‍♀️

ဒါကတော့ နောက်ဆုံးအနေနဲ့ရေးပေးထားပေမယ့် မျက်ကပ်မှန် အသုံးပြုသူတိုင်း မဝယ်ခင်မှာ အရင်ဆုံးထည့်စဉ်းစားသင့်တဲ့ အချက်ပါ။ မျက်ကပ်မှန်မှာ Quality အစားစားရှိပါတယ်။ တစ်ချို့မျက်ကပ်မှန်တွေက ဈေးသက်သာပေမယ့် တပ်တဲ့အခါမှာ အသားအရမ်းထူနေတာ၊ တပ်ပြီးရင် မျက်ကပ်မှန်အရောင်ကျွတ်တာစတာတွေ ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်အသားအရမ်းထူတဲ့အခါမှာလည်း တပ်ရတာ သက်တောင့်သက်သာမရှိပါဘူး။ မျက်ကပ်မှန် အရောင်ကျွတ်တယ်ဆိုတာကလည်း မျက်ကပ်မှန် အရည်အသွေးမပြည့်မှီတာကို ပြတာလည်းဖြစ်ပါတယ်။ ?

8⃣ မျက်ကပ်မှန် Authenticity / ပစ္စည်း အစစ်အမှန်ဖြစ်မှု ??‍♂️??‍♀️

နောက်ဝယ်ယူသူများအနေနဲ့ သတိပြုသင့်တာကတော့ Authenticity ပါ။ ဈေးကွက်ထဲမှာ နာမည်ကြီး Brand တွေနဲ့ design တူတဲ့ China Imported မျက်ကပ်မှန်တော်တော်များများကို တွေ့ရပါတယ်။?
ဒီတော့ ဖြစ်နိုင်ရင် မျက်ကပ်မှန်ကို ကိုယ်ယုံကြည်စိတ်ချရတဲ့ဆိုင်တွေမှာပဲ ကိုယ့်ရှေ့မှာ Original Packaging ကို ဖောက်ပြပြီး container ထဲထည့်ပေးတာကိုပဲ ဝယ်စေချင်ပါတယ်။ ?

??‍♀️Yupar Vision မှာတော့ US FDA aprroved ရထားတဲ့ Geo Medical Brand မျက်ကပ်မှန်တွေပဲရောင်းပါတယ်။ Quality က လုံးဝစိတ်ချရပြီး ? % authentic ဖြစ်ကြောင်းအာမခံပါတယ်။ ?? မျက်ကပ်မှန်ရဲ့ Authenticity ကို GEO Medical ရဲ့ official website မှာ ပုလင်းပေါ်မှာပါတဲ့ Code ထည့်ပြီးလည်း စစ်လို့ရပါတယ်။ ?

? ပစ္စည်းတွေ IN STOCK ရှိပြီး ရန်ကုန်မြို့တွင်း (၃-၅) ရက်အတွင်း FREE DELIVERY ပေးတယ်နော်! ❤
စိတ်ဝင်စားလို့ မျက်ကပ်မှန် Design လေးတွေကြည့်ချင်ရင်တော့ ဒီ Link ထဲမှာဝင်ကြည့်လို့ရပါတယ်။

မျက်ကပ်မှန်လေးတွေကို ပြထားတဲ့ပုံလေးတွေနဲ့ကြည့်ရတာအားမရဘူး။ "အသေးစိတ်ကြည့်ချင်တာပါ" ဆိုတဲ့ အသည်းတို့အတွက် ပုလင်းတွေဖောက်၊…

Posted by Yupar Vision on Sunday, February 11, 2018

? Yupar Vision ကနေ ဗဟုသုတဖြစ်ဖွယ်တင်ဆက်ထားတဲ့ Article တွေကို first comment မှာ link လေးတွေထည့်ပေးလိုက်ပါတယ်။
? အားလုံးပဲ Yupar Vision ရဲ့ General Knowledge Session က Post လေးတွေဖတ်ပြီး လက်တွေ့အသုံးချနိုင်မယ့် ဗဟုသုတတွေရမယ်လို့မျှော်လင့်လျှက်~

XOXO,
Yupar Vision