Eye Prescription

မျက်စိ Power စာရွက်ကို ဘယ်လိုဖတ်မလဲ

ဒီတစ်ပတ်အတွက် ဗဟုသုတ်ဖြစ်ဖွယ် တင်ပေးချင်တာလေးကတော့ မျက်စိဆရာဝန်တွေက ဆေးခန်းတွေကပေးတဲ့ ဆေးစာ (Eye Power Prescription) ကို ဘယ်လိုဖတ်မလဲဆိုတာပါ။ ??‍⚕️??‍⚕️?

 What is OD & OS?
?

အခြေခံအနေနဲ့ အရင်ဆုံးသိရမှာရတော့ prescription မှာပါတဲ့ OD တို့ OS တို့ဆိုတာဘာလဲပါ။ OD တို့ OS တို့ဆိုတာ မျက်စိဘယ်/ညာကို Latin ဘာသာစကားနဲ့ abbreviation ယူထားတာပါ။ ရှင်းပြရမယ်ဆိုရင်တော့
OD: oculus dexter: ညာမျက်စိ
OS: oculus sinister: ဘယ်မျက်စိ ပါ။

တစ်ခါတစ်လေ Prescription မှာ OU ဆိုတာပါတတ်ပါတယ်။ OU ဆိုတာက
OU: oculus uterque: မျက်စိနှစ်ဖက်လုံး လို့
အဓိပ္ပာယ်ရပါတယ်။

တစ်ချို့ဆေးခန်းတွေကျတော့လည်း Latin ဘာသာစကားနဲ့မရေးတော့ဘဲ နားလည်ရလွယ်အောင် ဘယ်မျက်လုံး/ညာမျက်လုံး ဆိုပြီးရေးကြတာလည်းရှိပါတယ်။ ??

အခြားသော အရေးကြီးတဲ့ Terminology များ

 SPH: Sphere: မျက်စိပါဝါ ?

Sphere ဆိုတာတော့ မျက်စိပါဝါကိုပြောတာပါ။ မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ ဒီနံပါတ်ရဲ့လက္ခဏာက “-“ အနုတ်ဆိုရင် အဝေးမှုန်ဖြစ်ပြီး “+” အပေါင်းဆိုရင်တော့ အနီးမှုန်ဖြစ်ပါတယ်။
(Note: လူငယ်တွေတော်တော်များများက အဝေးမှုန်ဖြစ်ကြပြီး လူကြီးတွေကတော့ အနီးမှုန်ဖြစ်တတ်ကြပါတယ်။)

 CYL: Cylinder: စလင်ဒါ ??

ဒါကတော့ မျက်စိစလင်ဒါပါဝါ (Astigmatism Power) ပါ။ သူ့ကိုလည်း Diopter Unit နဲ့တိုင်းပါတယ်။ သူ့ရဲ့ “+/-” လက္ခဏာဖတ်တဲ့နည်းက အပေါ်က SPH နဲ့တူတူပါပဲ။

 AXIS ??

Axis ဆိုတာက Cylinder Power ရှိတဲ့ Angle Degree ပါ။ ဒါကတော့ Cylinder Power ရှိတဲ့သူတွေ မျက်မှန်လုပ်တဲ့အခါမှာ အသုံးပြုရတာပါ။

 ADD ????

ADD ဆိုတာကျတော့ “အဝေးလဲမှုန် အနီးလဲမှုန်တဲ့သူတွေ” အတွက်လိုအပ်တာပါ။ ဒီလို condition က အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။
(ဥပမာပေးရရင် … ငယ်ငယ်တုန်းက မျက်မှန်တပ်တဲ့ဆရာမတွေကို ??‍? ကိုယ်ကစာသွားပြရင် မျက်မှန်အပေါ်ဘောင်ကနေ မျက်စောင်းကြီးနဲ့ ကိုယ့်ကိုကြည့်တာ မမြင်ရလို့ အနားတိုးပြီးပြခိုင်းတာ မှတ်မိတယ်ဟုတ်?  အဲ့ဒီလိုအခြေအနေမျိုးပါ။ )

မျက်မှန်ပါဝါတိုင်းတာ ဒါ့အပြင် တစ်ခြားသော parameters တွေလည်းရှိပါတယ်။ ဒါပေမယ့် Consumer General Knowledge အနေနဲ့ဆိုရင် ဒါလေးတွေကပဲ အသုံးများပြီး အရေးကြီးတာမို့လို့ ဆက်တော်မရေးပေးတော့ပါဘူး။

IMPORTANT THINGS TO TAKE NOTE:

 Eyeglass Prescription Is Not Contact Lens Prescription
မျက်မှန်ပါဝါနဲ့ မျက်ကပ်မှန်ပါဝါမတူပါဘူး။
ဒါပေမယ့် မျက်မှန်ပါဝါကို အသုံးပြုပြီး မျက်ကပ်မှန်ပါဝါကို ယေဘူယျအားဖြင့် တွက်လို့ရပါတယ်။ ရှင်းပြရရင်…
မျက်မှန်က မျက်စိရှေ့ 1.2 centimetres လောက်မှာတပ်တာ။ မျက်ကပ်မှန်ကျတော့ မျက်စိအပေါ်ယံလွှာမှာတပ်ရတာမို့လို့ မျက်မှန်ပါဝါကို လျှော့တပ်ရပါတယ်။

 မျက်မှန်ပါဝါ ၅၀၀ အောက်ဆိုရင် မျက်မှန်ပါဝါကို ၂၅ လျှော့ရင် မျက်ကပ်မှန်ပါဝါရပါတယ်။
ဥပမာ: မျက်မှန်ပါဝါက (၁၂၅) ဆိုရင် ၂၅ လျှော့တော့ ဝယ်ရမယ့် မျက်ကပ်မှန်ပါဝါ (၁၀၀) ပါ။

 မျက်မှန်ပါဝါ ၅၀၀ အထက်ဆိုရင် မျက်မှန်ပါဝါကို ၅၀ လျှော့ရင် မျက်ကပ်မှန်ပါဝါရပါတယ်။
 ဥပမာ: မျက်မှန်ပါဝါက (၆၅၀) ဆိုရင် ၅၀ လျှော့တော့ ဝယ်ရမယ့် မျက်ကပ်မှန်ပါဝါ (၆၀၀) ပါ။

?မျက်ကပ်မှန်တပ်မယ်ဆိုရင် ပါဝါအပြင် တစ်ခြားဂရုစိုက်စရာ factor လေးတွေ (e.g: Cylinder Power, Fitting) လည်းရှိပါတယ်။ ဒါတွေကတော့ နောက်တစ်ပတ်ထဲမှာ article အသစ်တွေနဲ့ ဆက်လက်တင်ဆက်ပေးသွားပါမယ်။ Article အသစ်တွေ Launch ပြီးရင် ဒီ Post ရဲ့ Comment မှာ Link လေးတွေ တင်ပေးသွားပါမယ်။

Yupar Vision က GEO Medical Brand မျက်ကပ်မှန်တွေဝယ်မယ်ဆိုရင်တော့ ဒီ link မှာကြည့်လို့ရပါတယ်
https://www.facebook.com/yuparvision/posts/1370647796445488 ???

 အားလုံးပဲ Yupar Vision ရဲ့ General Knowledge Session က Post လေးတွေဖတ်ပြီး လက်တွေ့အသုံးချနိုင်မယ့် ဗဟုသုတတွေရမယ်လို့မျှော်လင့်လျှက်~

XOXO,
Yupar Vision

Leave a Reply

Your email address will not be published. Required fields are marked *