Eye Drop

မျက်ကပ်မှန် ? နှင့် မျက်စဉ်း ?

မျက်ကပ်မှန်အတွက် New V.Rhoto တံဆိပ် မျက်စဉ်းသုံးလို့ရလား

(Renu Vs New V.Rohto)

အခုတလော Yupar တို့ဆီမှာ မျက်ကပ်မှန်လာဝယ်ကြရင်း ခဏခဏအမေးခံရတဲ့ မျက်ကပ်မှန်နဲ့ မျက်စဉ်းအကြောင်းကို အားလုံးသိရအောင် Sharing လုပ်ပေးချင်ပါတယ်။

Yupar Vision မှာ Bausch + Lomb က မျက်ကပ်မှန်အတွက် သီးသန့်ထုတ်ထားတဲ့ Renu Lubricating and Rewetting Eye Drop ပဲရောင်းပါတယ်။ ဘာလို့လဲဆိုတော့ Renu မျက်စဉ်းထဲမှာ Povidone ဆိုတဲ့ lubricant ပါဝင်ပါတယ်။ ဒီတော့ မျက်ကပ်မှန်ကို ရေဓာတ်ဖြည့်ပေးပြီး မျက်စိကိုချောမွေ့နေစေပါတယ်။ ဒါကြောင့်မျက်ကပ်မှန်တပ်ပြီး ဒီမျက်စဉ်းခပ်တဲ့အခါ မျက်စိကိုသက်တောင့်သက်သာဖြစ်စေပါတယ်။

တစ်ချိန်ထဲမှာ Customer တွေ ပြန်မေးကြတာက “New V.Rhoto မျက်စဉ်းရောသုံးလို့ရလား” ဆိုတဲ့ မေးခွန်းပါ။
ဒီမေးခွန်းလေးအဖြေကတော့ “လုံးဝ No ပါ။”

ဒါနဲ့ပတ်သက်ပြီး အရင်ဆုံး မျက်စဉ်းနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးလည်း မျှဝေပေးချင်ပါတယ်။ ?

ယေဘူယျအားဖြင့် မျက်စဉ်း (၃) မျိုးရှိပါတယ်။
၁။ မျက်ရည်တု (Artificial Tears) ?
၂။ ဓာတ်မတည့်ရင်ခပ်ရတဲ့ မျက်စဉ်း (Allergy Drops) ?
၃။ မျက်စိနီတာပျောက်စေတဲ့ မျက်စဉ်း (Anti-Redness/Decongestant Drops) ?တို့ဖြစ်ပါတယ်

အသေးစိတ်ရှင်းပြရရင်

၁။ မျက်ရည်တု (Artificial Tears) ?

မျက်ရည်တုဆိုတာတော့ သူ့နာမည်အတိုင်းပါပဲ မျက်စိကို စိုစွတ်နေအောင်အသုံးပြုရတဲ့ မျက်ရည်တု (မျက်စဉ်း)ပါ။ အဓိကအားဖြင့်တော့ မျက်စိကို စိုနေအောင် ပြုလုပ်ပေးတဲ့ Lubricant ပါဝင်ပါတယ်။
Renu က ဒီအမျိုးအစားထဲကပါ။

၂။ ဓာတ်မတည့်ရင်ခပ်ရတဲ့ မျက်စဉ်း (Allergy Drops) ?

ဒီအမျိုးအစားကတော့ ဝတ်မှုန်၊ မှိုအစရှိတဲ့ အရာတွေနဲ့ ဓာတ်မတည့်တဲ့သူတွေ အသုံးပြုရတာပါ။ ဒီလို ဓာတ်မတည့်တဲ့အခါ allergy drops မှာပါတဲ့ antihistamine တွေက နှာစေးတာ မျက်စိယားတာ အစရှိတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကို ရပ်တန့်စေပါတယ်။
အခုနောက်ပိုင်း အသစ်ထွက်တဲ့ mast-cell stabilisers လို့ခေါ်တဲ့ Allergy Drops တွေက ကျတော့ ခန္ဓာကိုယ်ထဲက histamine ထုတ်တာကို အရင်ရပ်တန့်စေပြီး ဓာတ်မတည့်တာကို သက်သာစေပါတယ်။

၃။ မျက်စိနီတာကို ပျောက်စေတဲ့ မျက်စဉ်း (Anti-Redness/Decongestant Drops) ?
ဒါကကျတော့ မျက်စိနီတာကို သက်သာစေတဲ့ မျက်စဉ်းပါ။ သူ့ထဲမှာ vasoconstrictor လို့ခေါ်တဲ့ decongestant ingredient ပါဝင်ပါတယ်။ ဒီ ingredient က မျက်စိအပေါ်ယံလွှာမှာရှိတဲ့ သွေးကြောလေးတွေကိုကြုံ့သွားစေပါတယ်။ ဒီလို သွေးကြောလေးတွေကြုံ့သွားတဲ့အခါမှာ မျက်စိနီတာ ကို သက်သာစေပါတယ်။

ကဲ… ဒီတော့ New V Rhoto အကြောင်းဆက်ရအောင် ?
New V.Rhoto က မြန်မာပြည်ဈေးကွက်မှာ
1. V.Rhoto for Eyestrain and Congestion
2. V.Rhoto Cool ဆိုပြီး (၂) မျိုးရှိပါတယ်။

Product (၂) ခုစလုံးမှာ Naphazoline Hydrochloride ဆိုတဲ့ ingredient ပါဝင်ပါတယ်။ ?
ဒီဓာတ်ပစ္စည်းက မျက်စိနီတာ၊ ရောင်တာ၊ ယားတာ၊ မျက်ရည်ပူကျတာ စတာတွေကို မျက်စိအပေါ်ယံသွေးကြောတွေကိုကြုံ့စေခြင်းအားဖြင့် သက်သာစေပါတယ်။
လိုအပ်တာထက်ပိုသုံးမိရင် မျက်စိကိုပိုပြီးနီစေတဲ့ side effect (rebound hyperemia) ရစေနိုင်ပါတယ်။
ဒါကြောင့် New V.Rhoto မျက်စဉ်းကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။ ??‍⚕️??‍⚕️

“New V.Rhoto နှင့် မျက်ကပ်မှန်”
Admin တို့ Research လုပ်ကြည့်ရသလောက်ဆိုရင် New V.Rhoto official website FAQ မှာ ဒီလိုရေးထားတာကိုတွေ့နိုင်ပါတယ်။ ?

Q: Rhoto မျက်စဉ်းကို မျက်ကပ်မှန်တပ်နေစဉ် အသုံးပြုလို့ရပါသလား?
A: အသုံးပြုလို့မရပါ။ Rhoto မျက်စဉ်းမခပ်ခင်မှာ မျက်ကပ်မှန်ကိုအမြဲချွတ်ပါ။ မျက်ကပ်မှန်ပြန်မတပ်ခင် အနည်းဆုံး (၁၅) မိနစ်စောင့်ပါ။ ဒီလိုက အမြင်လွှာမှာ မျက်စဉ်းမရှိတော့စေရန်အတွက်ပါ။

ကဲ… ဒီတော့ New V.Rhoto မျက်စဉ်းနဲ့ မျက်ကပ်မှန်နဲ့ လုံးဝတွဲသုံးလို့မရပါဘူးနော်။

ဒီ Article လေးက Yupar Vision ရဲ့ Customer တွေကို မျက်ကပ်မှန်အတွက်ဆိုရင် ဘာလို့ Renu တံဆိပ် မျက်စဉ်းကိုမှ သုံးခိုင်းရသလဲဆိုတာကို စိတ်ကျေနပ်လောက်အောင် ဖြေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ?
အားလုံးပဲ ကျန်းမာလှပကြပါစေ။

***** UPDATE *****
(Added date: 10 July 2018)

V Rhoto ကနေပြီးတော့ မျက်ကပ်မှန်နဲ့ တွဲသုံးလို့ရတဲ့ မျက်စဉ်း (V.Rhoto Dry Eye) Series အသစ်ကို မြန်မာပြည်မှာစတင်ရောင်းနေပြီ လို့ပြောပါတယ်။ ?????
Yupar Vision မှာတော့ မရောင်းသေးတာမို့လို့ admin တွေ ဘာ research မှမလုပ်ရသေးဘူးနော်။ ဒါကြောင့် ဒီမျက်စဉ်းအသစ်အကြောင်း အသေးစိတ် သိချင်တာရှိရင် အောက်က link ထဲမှာ ဝင်ကြည့်ပြီး Rhoto Myanmar Page ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ???
မျက်စဉ်းအသစ်ထွက်တာ တကူးတက လာပြောပေးကြတဲ့ V Rhoto Myanmar ရဲ့ ဝန်ထမ်း ညီမလေးများကိုလည်း ကျေးဇူးအထူးတင်ကြောင်း

https://www.facebook.com/125394714768652/posts/217215818919874/

XOXO,
Yupar Vision